Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

Videos

Record l Google နှင့် စကားပြောသွားမှာဖြစ်ပြီး တစ်ခုခုဖြစ်မယ်ဆိုရင်လည်း အနာဂတ်Huawei ထုတ်ကုန်များတွင်သာ သက်ရောက်မှုရှိမည်

Huawei ၏ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာက အမေရိကန် Google ၏ ပိတ်ပင်မှုမတိုင်ခင်ရက်က ထုတ်လုပ်ထားသော Huawei ထုတ်ကုန်များ၊ ဈေးကွက်နှင့် လက်ဝယ်ရှိစမတ်ဖုန်းနှင့် အခြားထုတ်ကုန်များတွင် Google ၏ ၀န်ဆောင်မှုများဆက်လက်ရှိနေမှာဖြစ်ပြီး အနာဂတ်တွင် ကုမ္ပဏီ (၂) ခု ပူးပေါင်းဆောင်ရွက်မှုရရှိရန် ကြိုးစားနေကြောင်း ဆိုသည်။

Record l ရင်းနှီးမြှုပ်နှံသူတွေအတွက် ပွင့်လင်းမြင်သာမှုက အရမ်းအရေးကြီးတယ်

သန်လျင်မြို့နယ် သီလ၀ါဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်နေတဲ့ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်အများပိုင်လီမိတက်က ဒီနှစ်ရဲ့ ပွင့်သစ်စအစီရင်ခံစာမှာ မနှစ်ကထက် ရလာဒ်တွေပိုကောင်းပြီး ပြည်တွင်းရဲ့ ပွင့်လင်းမြင်သာမှုအရှိဆုံးကုမ္ပဏီအဆင့်သတ်မှတ်ချက် (၇) ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွင့်သစ်စအစီရင်ခံစာဆိုတာ တာဝန်သိမြန်မာစီးပွားရေးဗဟိုဌာန (MCRB) ကနေ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ စီမံအုပ်ချုပ်ပုံနဲ့ ပွင့်လင်းမြင်သာမှုအပေါ်မှာ အကဲဖြတ်အမှတ်ပေးတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

ပိုးလမ်းမစီမံကိန်းကနေ ပြည်သူအားလုံးပါဝင်သော ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေါ်ရန် ကမ္ဘာ့ဘဏ်တိုက်တွန်း

ဧပြီလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နိုင်ငံတော်
၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လျက်ရှိရာ ထိုတွေ့ဆုံမှုများမှ မြန်မာနိုင်ငံအတွက် ပြည်သူအားလုံးရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန် ကမ္ဘာ့ဘဏ်က 
တိုက်တွန်းလိုက်သည်။ 
(အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)
#BETVDailyNews #beltandroad #thesecondBRF #statecounsellor #investment

နေရာ(Nay Yar)စိုက်ငှားဝန်ဆောင်မှုလုပ်ငန်း၏ CEO ကိုအန်ဒရူးကျော်(Andrew Kyaw) နှင့် #BETVRecord

"၀န်ထမ်းက သူတိုက်ခန်းငှားဖို့ဆိုရင် (၆)လစာကို နေရာ(Nay Yar)ကနေပြီးတော့ ထုတ်ပေးလိုက်တယ်။ ပြီးတော့မှ သူက လစဉ် တိုက်ခန်းခရယ်၊ ၀န်ဆောင်ခရယ် လစဉ်ပြန်သွင်းဖို့ပဲ လိုတာဆိုတော့ (၆)လစာ ပေးစရာမလိုတော့ဘူးပေါ့" ဟု ကိုအန်ဒရူးကျော်က BETV Record အစီအစဉ်သို့ ပြောသည်။

ရိုးမအုပ်စုအနေနှင့် အစားအသောက်ကဏ္ဍကို ပိုမိုတိုးချဲ့သွားမှာဖြစ်ပြီး (၄)နှစ်အတွင်း ဆိုင်ပေါင်း ၁၂၅ ဆိုင် ဖွင့်လှစ်သွားမည်

"ရိုးမအုပ်စုရဲ့ ရည်မှန်းချက်မှာဆိုရင် မြန်မာနိုင်ငံကို ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်စေချင်တယ့ ကျွန်တော်တို့ရဲ့ နည်းဗျူဟာ တစ်ခုအနေနဲ့ အစားအသောက်ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့သွားချင်ပါတယ်။ အခု Auntie Anne’s ကို သယ်ဆောင်လာခဲ့ပြီ၊ ဒိမတိုင်ခင် KFC ကိုလည်း ခေါ်လာခဲ့ပြီ။ နောက်ပြီး တရုတ်နဲ့ မွန်ဂိုလီယားက Little Sheep ဆိုတဲ့ Hot Pot ဆိုင်တွေကိုလည်း ဖွင့်ဦးမှာ။ အခုဆို ကျွန်တော်တို့က ပြည်တွင်းမှာ သိပ်ကို ကျော်ကြားတဲ့ YKKO ကြေးအိုးမှာလည်း ပိုင်ဆိုင်မှုတစ်ချို့ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ကတော့ နောက်ထပ် တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိဘဏ္ဍာနှစ်အတွင်း FDI ကန်ဒေါ်လာ သန်း (၁၆၀၀) နီးပါး ၀င်ရောက်

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကနေပြီးတော့ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏက ဒါကနှစ်ခုပေါင်းကို ပြောတာပေါ့နော်။ SEZ လည်းပါတယ်။ MIC က ခွင့်ပြု/အတည်ပြု ပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ (၁၅၉၈ ဒသမ ၇၆၈) သန်း ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်က ပြောသည်။

အလှမယ်ထက်ထက်ထွန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တွေ့လာရမလား

ဒု-မြို့တော်ဝန်နေရာအထိ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ပြင်ဆင်နေတဲ့ 
မယ်စကြ၀ဠာအလှမယ်ဟောင်း ထက်ထက်ထွန်းနှင့် #BETVRecord
-------------------------------------------------------------------------------------------

"လောလောဆယ် ဖောင်တင်ထားတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒီအဆင့်ကနေမှ အသိအမှတ်ပြုခံရပြီဆိုရင် မဲဆန္ဒနယ် (၆) ခုကနေ မဲဆန္ဒနယ် (၃) ကော်မတီဝင်နေရာကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒိကော်မတီဝင် (၆) ဦးကနေ ဒုတိယမြို့တော်ဝန်အထိ ဆက်ပြီးတော့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်" ဟု ၂၀၁၆ ခုနှစ် မြန်မာမယ်စကြ၀ဠာထက်ထက်ထွန်းက #BETVRecord အစီအစဉ်သို့ ပြောကြားသည်။

Pages

Omni Focus ကုမ္ပဏီနဲ့ ဧရာဝတီဘဏ် ငွေကြေးကိစ္စ ပြေလည်သွားပြီလား?

လက်ရှိက အစ်ကိုတို့က သူတို့ရဲ့ Customer ဖြစ်နေတယ်။ နောက်ပြီး Business Model တွေ၊ ရှေ့သွားမယ့်ပုံစံတွေက သူတို့နဲ့ ချိတ်ဆက်ညှိနှိုင်းပြီးတော့ ဆက်လုပ်သွားရမှာဖြစ်တဲ့အတွက်ကြောင့် ဒါသည် Confidential ဖြစ်တဲ့အတွက်ကြောင့် အကောင်းဆုံးဖြစ်သွားနိုင်မယ်လို့ အစ်ကိုတို့ဘက်က ပြောနိုင်ပါတယ်။ ဒီကိစ္စသည် အတိုင်းအတာတစ်ခုအထိ ပြီးသွားပြီလို့ ပြောနိုင်ပါတယ်။
 Youtube Channel မှာပါ ကြည့်ရှုနိုင်အောင်               ကို Subscirbe လုပ်ထားရန် ဖိတ်ခေါ်ပါတယ်။
Mg R'Noe မေးမြန်းသည်။
#BETVExclusive_interview #omni_focus #Ayarwaddy_Bank

Omni Focus Co., Ltd ဥက္ကဋ္ဌ ဦးကျော်နေ၀င်းနှင့် သီးသန့်မေးမြန်းခန်း

“ ဒီနေ့၊ ဒီအချိန်အထိ ဘာလို့ ရေငုံနှုတ်ပိတ်ပြီး နေခဲ့လဲဆိုရင် ဘဏ်ကို အစဆွဲလှန်တယ်ဆိုတဲ့ ကိစ္စတွေ မဖြစ်စေချင်ဘူး။ မထိခိုက်သင့်တဲ့သူတွေ မထိခိုက်စေချင်ဘူး။ ဒါပေမယ့် ဒီတစ်ခါ အနိုင်ကျင့်ခံခဲ့ရပြီလို့ ယူဆတယ်”

Mg R’ Noe

#BETVExclusive_interview #omni_focus #ybs 

ဥရောပသို့ တင်ပို့နေသည့် ဆန်လုံးညိုအပေါ် တင်သွင်းခွန်ပြန်လည်ကောက်ခံမှုနှင့် ပတ်သတ်၍ ပို့ကုန်ဈေးကွက် ထိခိုက်မှု ရှိ/မရှိ မြန်မာဆန်စပါးအသင်းချုပ် ဥက္ကဌအား မေးမြန်းခြင်း

ဦးချစ်ခိုင် : "အဓိက အီးယူကို တင်ပို့နေတဲ့ တန်ချိန် ၄- ၅ သောင်းဆိုတာက ဆန်လုံးရှည်အမျိုးအစားဖြစ်ပြီး တကယ်တမ်း အီးယူဈေးကွက်ကို ဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့နေတာက တန်ချိန် ၃-၄ သိန်းရှိတာပေါ့။
အဲဒိတော့ သက်ရောက်မှုအနေနဲ့က ၁၀ % လောက်ပဲရှိတာကြောင့် ချက်ချင်းသက်ရောက်မှုတော့ မရှိပါဘူး။ သို့သော် ဒီ အီးယူဈေးကွက်ကို ဆန်စပါးလောကက ထိုးဖောက်ရောင်းချနိုင်ခဲ့တာက အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင်ပြီးတော့ ဆောင်ရွက်ရတာရှိတယ်။ 
အဲဒိလိုရှိတဲ့ လုပ်ငန်းစဉ်လေးဟာ နည်းနည်းလေးရပ်ဆိုင်းပြီးတော့ ခါးပြတ်သွားပြီးတော့ အားထုတ်မှုရပ်သွားမှာ စိုးရိမ်တယ်။ ဆန်စပါးလောကအတွက်" 

ရန်ကုန်ဘတ်(စ)ကားယာဉ်လိုင်း ၀န်ဆောင်မှုအကောင်းဆုံးဆု ရရှိခဲ့သောOmni Focus ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးကျော်နေ၀င်းနှင့် သီးသန့်မေးမြန်းခန်း

" Service ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ၀န်ဆောင်မှုပေးမယ်ဆိုတဲ့ အတိုင်းအတာ ရေချိန်ကို မမှီ မှီအောင် လုပ်ရမယ်။ ၀န်ဆောင်မှုသည် အမြဲတမ်းလိုအပ်ချက်ရှိနေတယ်။ လိုအပ်ချက်ကို အမြဲတမ်းဖြည့်ဆည်ပေးရမယ်။ ဖြည့်ဆည်းပေးမှပဲ ၀န်ဆောင်မှုဆိုတဲ့ လုပ်ငန်းတစ်ခုသည် အောင်မြင်မှာ။ ကျွန်တော်ကတော့ အဲ့လိုမြင်တယ်" 

#BETVExclusive Omni Focus ဥက္ကဋ္ဌ ဦးကျော်နေ၀င်း

(အပြည်အစုံကို ရုပ်သံတွင် ကြည့်ရန်)

Pages

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်စား ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်တွေ့ဆုံခြင်း အပိုင်း(၂)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်စား ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်တွေ့ဆုံခြင်း အပိုင်း(၂)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်စား ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်စား ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်တွေ့ဆုံခြင်း

Business Bees l 3D ဒီဇိုင်းဖြင့် အိမ်အလှဆင်ဈေးကွက်ကို ဆန်းသစ်စေသူ ဇနီးမောင်နှံ

ဒီတစ်ပတ်မှာတော့ အဆောက်အဦတွေကို ပိုမိုလှပအောင် အလှဆင်ပေးနေတဲ့ ကိုအောင်ဖြိုးလှိုင်နဲ့ မမေဖြိုးသူတို့ ဇနီးမောင်နှံ (၂) ဦးရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို Business Bees အစီအစဉ်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
#Business_Bees #3Dhomedecoration #Friday7pm

Business Bees l ခိုင်ခိုင်ကျော် ထမင်းဆိုင်လုပ်ငန်းကို တည်ထောင်သူ ဦးကျော်မြတ်မိုး

သောကြာနေ့ညရဲ့ Business Bees (ကြိုးကြိုးစားစားလုပ်ငန်းရှင်များ) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ မြန်မာပြည်ရဲ့ လူသိများပြီး အောင်မြင်တဲ့ ထမင်းဆိုင်လုပ်ငန်းလို့ ဆိုလိုက်ရင် ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်ကို လူတိုင်းပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ခိုင်ခိုင်ကျော်ဆိုတဲ့ နာမည်တစ်လုံးကတော့ အလွယ်တကူ ဖြစ်လာတာမဟုတ်ပါဘူး။
ခိုင်ခိုင်ကျော်ဆိုတဲ့ နာမည်ကို ဦးကျော်မြတ်မိုးတစ်ယောက် (၁၅) နှစ်အတွင်း ဘယ်လို တည်ထောင်ခဲ့ပါသလဲ? ၊ ဘယ်လို ထိန်းသိမ်းထားပါသလဲ?
#Biz_Bees #KKK #Friday7pm

Business Bees l SFU တည်ထောင်သူ ဦးအောင်ချစ်ခင်

ဦးအောင်ချစ်ခင်ဟာ ၁၉၉၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ပြီးချိန် တက္ကသိုလ်ပညာရေးကို တက်ရောက်ဖို့ စောင့်ဆိုင်းနေချိန်မှာ ပြင်ပက စီးပွားရေးနဲ့ ပတ်သတ်တဲ့ ပညာရပ်ကိုလေ့လာဖြစ်ခဲ့တာကနေစလို့  Strategy First စီးပွားရေးဘာသာသင်တန်းကျောင်း ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ 
အခုဆိုရင် ဦးအောင်ချစ်ခင်ဟာ သူဝါသနာပါတဲ့ စာသင်ကြားခြင်းကို တစ်စိုက်မတ်မတ်လုပ်ကိုင်ရင်း ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တွေမှာ Strategy First သင်တန်းကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဦးအောင်ချစ်ခင်ဟာ Strategy First University ကိုလည်း တက္ကသိုလ်အဆင့် ဖွင့်လှစ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

Business Bees l မြန်မာ့လက်မှုလုပ်ငန်းကို နိုင်ငံတကာမှာ ထိုးဖောက်ချင်သူ ဦးမောင်မောင်အောင်

သောကြာနေ့ည (၇) နာရီတိုင်း တင်ဆက်ပေးနေတဲ့ Business Bees (ကြိုးကြိုးစားစား လုပ်ငန်းရှင်များ) အစီအစဉ်ရဲ့ ယခုတစ်ပတ်မှာတော့ ပန်းပုအနုလက်ရာပစ္စည်း လုပ်ငန်းရှင် ဦးမောင်မောင်အောင်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ဦးမောင်မောင်အောင်ဟာ တစ်ချိန်က သစ်ကုန်သည်တစ်ဦးဖြစ်ပြီး အဲဒိကနေ ပန်းပုအနုလက်ရာပစ္စည်းတွေကို စုဆောင်းရတာ ၀ါသနာပါလာပြီး ပန်းပုပစ္စည်းတွေကို ရောင်းချတဲ့အလုပ်ကို အာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် ဦးမောင်မောင်အောင်ဟာ Aung Wood Home Collection ဆိုတဲ့အမည်နဲ့ ရန်ကုန်က ဈေးဝယ်စင်တာကြီးတွေမှာ ဖွင့်လှစ်လုပ်ကိုင်လျက်
ရှိပါတယ်။
#Business_Bees #Friday7pm #Aungwood

Pages

ကျော်ဖြူ စီမံကိန်း မကြာခင် စတင်မည်

ကျော်ဖြူ စီမံကိန်း မကြာခင် စတင်မည်

တညင်းကုန်းဈေးဟောင်း အပြီးသတ်ပိတ်သိမ်းရေးအတွက် မြို့တော်ဝန်ထံ ထပ်မံတင်ပြသွားမည်

တညင်းကုန်းဈေးဟောင်း အပြီးသတ်ပိတ်သိမ်းရေးအတွက် မြို့တော်ဝန်ထံ ထပ်မံတင်ပြသွားမည်

GET UP TO DATE NEWS FOR FREE

Find out first about new and important news