Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

About us

BETV (Business & Economics Television) သည် ရွှေပြည်ခေတ္တရာမီဒီယာကုမ္ပဏီလီမိတက်၏ ပွဲဦးထွက် အွန်လိုင်း စီးပွားရေးသတင်းမီဒီယာဖြစ်သည်။
ရွှေပြည်ခေတ္တရာမီဒီယာကုမ္ပဏီလီမိတက်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် ပုဂ္ဂလိကသတင်းမီဒီယာလုပ်ငန်း အဖြစ် မှတ်ပုံတင်ခဲ့ပြီး BETV ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။
BETV ၏ ဆောင်ပုဒ်မှာ “Get your daily trustiest business information” ဖြစ်သည်။ 

ရည်ရွယ်ချက် နှင့် လုပ်ငန်းဆောင်တာ

 

မြန်မာနိုင်ငံ၏ စီးပွားရေးသတင်းမီဒီယာကဏ္ဍကို အစိုးရ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံသားများနှင့် မူဝါဒရေး ဆွဲသူများ စသည် တို့ကို ပိုမိုစိတ်ချယုံကြည်စေရန်နှင့် ယင်းတို့၏ မိတ်ဘက်မီဒီယာအဖြစ် ကိုးကားလေ့လာသုံးသပ် နိုင်စေရန် ရည်ရွယ်ပါသည်။
BETV သည် နိုင်ငံ၏ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကုန်သွယ်ရေးဏ္ဍ၊ အစိုးရအသုံးစားရိတ်နှင့် ဘတ်ဂျက်များ အပါအဝင်၊ နေ့စဉ်ကုန်စည်ဈေးနှုန်းများ၊ နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများ၊ စတော့ဈေးကွက်ရှိ နေ့စဉ် ဈေးနှုန်းများနှင့် ယင်းဈေးကွက်ထဲရှိ အဓိက Key Player များအကြောင်း၊ ကုမ္ပဏီများအကြောင်းအရာများနှင့် လုပ်ငန်းအစီရင်ခံစာများ အကြောင်းကို ရေးသားထုတ်လုပ်လျက်ရှိသည်။
BETV အနေနှင့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ပေါင်းကူးဖြစ်သည့် တင်ဒါ သတင်းများကို အစဉ်တစ်စိုက် ရိုက်ကူးထုတ်လွှင့်တင်ဆက်လျက်ရှိသည်။
BETV သည် နိုင်ငံ၏ စီးပွားရေးအပြောင်းအလဲနှင့် သက်ရောက်မှုများအပေါ် ပြည်သူများ၏ စကားသံများ Voxpop အစီအစဉ်များကို ထုတ်လုပ်လျက်ရှိသည်။
အဓိကအားဖြင့် တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုဘဝတိုးတက်မြင့်မားရေးအတွက် အခြေခံကျပြီး အရေးပါသော ပုဂ္ဂလိကအခန်းကဏ္ဍအစဉ်မြင့်မားတိုးတက်ရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးတို့ကို BETV နှင့် ရွှေပြည်ခေတ္တရာမီဒီယာကုမ္ပဏီလီမိတက်က အလေးထားပါသည်။

 

 

ဆက်သွယ်ရန်

 

15-E၊ ဒဂုံစင်တာ (၂)၊ ပြည်လမ်း
မြေနီကုန်း-စန်းချောင်းမြို့နယ်၊ ရန်ကုန်

 ၀၉၄၄၄၂၁၂၁၇၉

GET UP TO DATE NEWS FOR FREE

Find out first about new and important news