Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

BETV Food

item
အလတ်ဆတ်ဆုံး ခေါက်ဆွဲအရသာကို ခံစားနိုင်မယ့် တရုတ်ရိုးရာ လက်ဆွဲခေါက်ဆွဲမွှေး

တရုတ်ရိုးရာ Lamian လက်ဆွဲခေါက်ဆွဲမွှေးဆိုတာ မှာတဲ့အချိန်ကျမှ ပြုလုပ်ပေးပြီး ချက်ချင်း ချက်ပြုတ်တဲ့ စားစရာ တစ်ခုဖြစ်ပါတယ်။

အခုလို လက်ဆတ်တဲ့လက်ဆွဲခေါက်ဆွဲကိုတော့ ရန်ကုန်မြို့မှာ စားသောက်ချင်တယ်ဆိုရင် ဒီိဆိုင်မှာပဲရရှိနိုင် မှာပါ။

လက်ဆွဲခေါက်ဆွဲမွှေးနဲ့ ဖက်ထုပ်ကို ချဉ်စပ်အရသာ ချက်ပြုတ်ထားတဲ့ ဟင်းပွဲက ဆိုင်မှာ အရောင်းရဆုံးဟင်းပွဲ တစ်ခုဖြစ်ပါတယ်။ အသားစဉ်းကောနဲ့ ပဲငံပြာရည် အချိုးညီညီ ရောစပ်ထားတာကို ခေါက်ဆွဲပေါ်တင်ပြီး စားရတဲ့ ဟင်းပွဲကလည်း နောက်ထပ် လူကြိုက်များတဲ့ စားစရာတစ်ခု ဖြစ်ပါတယ်။

item
မိုးကုတ်မြို့ရဲ့ အငွေ့အသက်တွေနဲ့ ရန်ကုန်က မြှီးရှည်

အချဉ်ရည်ကို ရှမ်းတွေက စပ်ခဲ့တာ။ နမ့်စူလို့ ခေါ်တယ်။ ဗမာလို့ နာမည်တော့ မရှိသေးဘူး။ အဲ့ဒီအချဉ်ပေါ့။ သူက ချဉ်ချိုအရသာ။ အဲ့ဒါက သူရဲ့အသက်ပေါ့ ” လို့ မိုးကုတ်တိုင်းရင်းသူဆိုင်ကို တာဝန်ယူဦးစီးနေတဲ့ မနိုင်နိုင်မော်က ပြောသည်။
ဒါ့အပြင် မီးရှည်ရဲ့ အီစိမ့်စိမ့်အရသာကို ထိန်းနိုင်ဖို့အတွက် ကော်မှုန့်အစား ဆန်မှုန့်ကို ပြန်ပြောင်းအသုံးပြုထားသလို ကြက်သွန်နီကြော် အနံ့သင်းသင်းလေးကလည်း စားချင်စိတ်ကို ပိုမို လှုံ့ဆောင်နေသယောင်ပါပဲ။
ဒီလို ချိုချဉ်အရသာရှိတဲ့ မိုးကုတ်မြှီးရှည်ကို ၀က်နံတုံနဲ့ တွဲဖက်စားမယ်ဆိုရင် အရမ်းလိုက်ဖက်မှုရှိတယ်လို့ မနိုင်နိုင်မော်က ပြောပြပါတယ်

item
မတူတာတွေကို ပေါင်းစပ်လိုက်ရင် ဘာလိုအရသာဖြစ်သွားမှာလဲ

မွန်စားစရာတစ်ခုကို ဥရောပစတိုင်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါ ဘယ်လို အရသာဖြစ်သွားမှာ ပါလိမ့်နော်။

ဥရောပ စားစရာတစ်ခုဖြစ်တဲ့ စပါကတီခေါက်ဆွဲကို မွန်ကြက်လယ်တောချက် အရသာနဲ့ ပေါင်းစပ်ထားတဲ့ အရသာကို Jana Mon ဆိုတဲ့ မွန်ရိုးရာ စားသောက်ဆိုင်မှာ ရရှိနေပြီ ဖြစ်ပါတယ်။

မွန်ကြက်လယ်တောချက်ဆိုတာ  ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ငရုတ်ကောင်းနဲ့ စပါးလင်နိုင်နိုင် ချက်ထားတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

item
အသားအမျိုးမျိုးနဲ့ ရောချက်ထားတဲ့ ငပိချက်တွေကို အိမ်ချက်အရသာအတိုင်း စားနိုင်မယ့် Nga Pi Chet စားသောက်ဆိုင်

ငပိချက်ကို အသားအမျိုးမျိုးနဲ့ ရောချက်ထားပြီး ဆီမသုံးဘဲ ငပိရည်ကို ငရုတ်သီးစိမ်း များများနဲ့အနှစ်ပုံစံ ပြန်ထွက်အောင် ချက်ထားတော့ အဆီရှောင်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မယ့် ဟင်းပွဲ ဖြစ်လာမှာပါ။

အိမ်ချက်အရသာ အတိုင်းချက်ထားတာဖြစ်လို့ အိမ်ကချက်တဲ့ ဟင်းတွေကို စားနေရသလို ခံစားမှုကိုလည်း ပေးအုံးမှာပါ။

item
CreamArt Coffee ကို မြည်းစမ်းနိုင်မယ့် လသာက Twin Bean Café

CreamArt Coffee ဆိုတာ ကော်ဖီပေါ်မှာ ကာလာစုံတဲ့ ပုံလေးတွေကို ရေးဆွဲတဲ့ အနုပညာဆန်တဲ့ ဖန်တီးထားမှု တစ်ခုဖြစ်ပါတယ်။ CreamArt Coffee ကို ကိုးရီးယားက ကော်ဖီပညာရှင်တစ်ဦးက တီထွင် ဖန်တီးထားတာဖြစ်ပါတယ်။

item
ဒူးရင်းသီး ကြိုက်တဲ့သူတွေ တစ်ခါလောက် မြည်းစမ်းကြည့်သင့်တဲ့ ဒူးရင်းသီး ဒန်ပေါက်

ဒူရင်းသီးကြိုက်နှစ်သက်တဲ့သူတွေအတွက် အရသာအသစ်အဆန်းကို ခံစားရဖို့ ဆန်းသစ် တီထွင်ထားတဲ့ ဒီစားစရာကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းမှာ ဖွင့်လှစ်ထားတဲ့ ဘူးသီး ဆိုတဲ့ တောဓလေ့ ထမင်းဆိုင်ကနေ မိတ်ဆက်ခဲ့ပါတယ်။

Article Video: 
item
CreamArt Latte Coffee ကို မြည်းစမ်းနိုင်မယ့် လသာက Twin Bean Cafe

ကော်ဖီပေါ်မှာ cream နဲ့ ဖန်တီးရေးဆွဲထားတဲ့ အနုပညာဆန်တဲ့ CreamArt Coffee ကို လသာမြို့နယ်၊ ဗိုလ်ရွဲလမ်း(အောက်ဘလောက်) မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ရရှိနေပြီ ဖြစ်ပါတယ်။  

“CreamArt ကို စတွေ့တာကတော့ အွန်လိုင်းမှာစတွေ့တာပေါ့နော်။ ကိုးရီးယားမှာတော့ နာမည်ကြီးနေတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာတော့ မရှိသေးဘူး။ ဒီမှာရှိတဲ့သူတွေကိုလည်း ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ ကော်ဖီပုံစံ ဆန်းဆန်းလေးကို သောက်စေချင်တယ်။ ဒါကြောင့်မို့လို့ ရောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။” လို့ Twin Bean Cafe ရဲ့ ပိုင်ရှင် မဖြိုးစန္ဒာလင်း ကဆိုပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

GET UP TO DATE NEWS FOR FREE

Find out first about new and important news