Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

Business Bees

item
လီလီမျိုးဥများတင်သွင်းပြီး ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချနေသူ မမြသွေးရည်

 

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပန်းဈေးကွက်အတွင်းမှာတော့ ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ပန်းတွေအပြင် ပြည်ပကနေဝင်ရောက်လာတဲ့ ပန်းတွေကို မြင်တွေနေရတာ ကြာပြီဖြစ်ပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာလည်း ပြည်တွင်းကထွက်ရှိသော ပန်းများထက် တရုတ်နိုင်ငံနှင့် ထိုင်နိုင်ငံမှ တင်သွင်းလာတဲ့ ပန်းတွေကို မြင်တွေမှုတွေများနေပြီဖြစ်ပါတယ်။

item
မိဘအမွေကို ဆက်ခံရင် မြန်မာ့ရာဘာကို ကမ္ဘာ့အဆင်မှီ ဈေးရရှိအောင် ကြိုးစားနေသူ ဦးအောင်မြင်ထူး

 

ငယ်စဉ်ကျောင်းသားဘဝထဲက မိဘရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ ရာဘာစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ရင်း သူကိုယ်တိုင် လုပ်ကိုင်ခွင့်ရရှိချိန်မှာတော့ မြန်မာ့ရာဘာဈေးနှုန်းကို ကမ္ဘာ့ဈေးနှုန်းအတိုင်း ရရှိအောင်ကြိုစားနေသူ ဦးအောင်မြင့်ထူး ဖြစ်ပါတယ်။

ဦးအောင်မြင့်ထူးက အရွယ်ရောက်လို့ လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန်မှာတော့ ဖခင်နဲ့အတူ လက်တွဲပြီး ရာဘာရောင်းဝယ်ရေးလုပ်ငန်းကို ဝင်ရောက်ခဲ့ပါတော့တယ်။

item
ချဉ်ပေါင်ဖူးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖျော်ရည် ထုတ်လုပ်နေသူ

 

ချဉ်ပေါင်တစ်ပင်ကို စားသောက်စရာအဖြစ် အမျိုးမျိုး လုပ်ကိုင်စားကြလေ့ရှိပါတယ်။ ဟင်းချက်စရာအဖြစ် အသုံးပြုကြသလို အချိုပွဲအဖြစ် ယိုထိုးပြီးလည်း စားကြသူတွေလဲရှိကြတာက မိရိုးဖလာ စားသောက်ကုန်လို  ဖြစ်နေပါပြီ။ ဒါပေမယ့် အအေးအဖြစ် ဖန်တီးသောက်သုံးဖို့ တော့ မတွေးမိကြပါဘူး။

ဒီလို လူတိုင်းမတွေးမိတဲ့ ချဉ်ပေါင်ဖူးတွေကို ဖျော်ရည်အဖြစ်ပြောင်းလဲစေသူကတော့  ရွှေဇီးကွက် ချဉ်ပေါင်ဖူး  ဖျော်ရည်ကို ထုတ်လုပ်နေသူ ဒေါ်အိပိုးဖြူပါ။

item
မြန်မာ့သနပ်ခါး၏ တန်ဖိုးကို မြှင့်တင်လိုသူ ဒေါ်ခင်ဥမ္မာချော

 

မြန်မာတွေက သနပ်ခါးကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် သနပ်ခါးကို မြို့ရော တောပါမကျန် လိမ်းချယ်နေကြတာဘဲဖြစ်ပါတယ်။

သနပ်ခါးက မြန်မာပြည် ရာသီဥတုနဲ့ ကိုက်ညီတာကြောင့် လူအများ စွဲလမ်းကြတာပါ။

သနပ်ခါးကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်ချ နိုင်ဖို့တော့ စိတ်ကူးတွေမရှိခဲ့ကြပါဘူး။

item
မြန်မာ့ရိုးရာအဆင်များကို ခေတ်မီအထည်များ အဖြစ် ဆန်းသစ်စေသူ ဂျန်ဂျန်း

တိုင်းရင်းသား ရိုးရာအဆင်လေးတွေကို အသုံးပြုပြီး ခေတ်မီပေါ့ပါးတဲ့ ဝတ်စုံလေးတွေကို တီထွင်ချုပ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ချီနေသူတစ်ဦးဖြစ်သူကတော့ မဂျန်ဂျန်းပါ။

သူမက ငယ်စဉ်ဘဝထဲက ကိုယ်တိုင်အရောင်တွေဆက်၊ ဒီဇိုင်တွေ ဖန်တီးရတာကို စိတ်ဝင်စားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကျောင်းပြီလို့ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ချင်းမိုင်မြို့လေးကို သွားရောက်လည်ပတ်ချိန်မှတော့ သူ့အတွက် စိတ်ကူးသစ်တွေ အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

item
စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ကွမ်းသီးရွက်ကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် မြင်တွေ့နိုင်အောင် ကြိုးစားခဲ့သူ ကိုမင်းကျော်ဇင်

ဖော့ဘူးတွေ၊ ပလက်စတစ်ထုတ်ကုန်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်မှုတွေဖြစ်ပေါ်စေတဲ့ လူကုန်သုံးပစ္စည်းတွေပါ။

အခုလို သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို ထိခိုက်မှုရှိစေတဲ့ လူသုံးကုန်တွေကို အစားထိုးဖို့ စီစဉ်နေသူ တော့ Nature Myanmar တည်ထောင်သူ ကိုမင်းကျော်ဇင်ပဲ ဖြစ်ပါတယ်။

"  ကွမ်းသီးရွက်ကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်နေတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပလက်စတစ်နဲ့ ဖော့ဘူးတွေနေရာမှာ အစားထိုးနိုင်ဖို့ ရည်ရွယ်ထားတယ်"  လို့ ကိုမင်းကျော်ဇင်က ဆိုပါတယ်။

Article Video: 
ကွမ်းသီးရွက်လို စွန့်ပစ်ပစ္စည်းကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ပြောင်းလဲခဲ့သူ ကိုမင်းကျော်ဇင်

 

Business Bees (ကြိုးကြိုးစားစားလုပ်ငန်းရှင်များ) အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့ညမှာတော့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ကွမ်းသီးပင်ကအရွက်တွေကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသူ ဦးမင်းကျော်ဇင် အကြောင်းဖြစ်ပါတယ်။
သူက ပလက်စတစ်၊ ဖော့ဘူးတွေအစား ကွမ်းသီးရွက် တွေနဲ့ တစ်ခါသုံးပစ္စည်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

item
ကိုယ်ပိုင်လုပ်ငန်းကို အရှုံးနှင်ရင်ဆိုင်ခဲ့ရချိန် ဝန်ထမ်းလုပ်ကိုင်ရင်း ဝါသနာကို ရှာဖွေ တွေရှိခဲ့သူ ဦးစိုးဟိန်း

 “နေ့စဉ် အခုလုပ်လုပ်နေတာထက်စာရင် လူတွေကို ရှင်းပြနေရတာကို ပိုမက်မောလာတယ်။ ကိုယ်ကိုကိုယ်လည်း သိလာတယ် အစက ဆရာဖြစ်မယ်လို့လဲ မထင်ထားဘူး၊ ဒီလိုဘဲ စီးပွားရေးသမားဖြစ်မယ် ဝန်ထမ်းလုပ်မယ် ပိုက်ဆံစုမယ် ပြီးရင် ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်” ဟု သူမထင်မှတ်ထားတဲ့ ဝါသနာကို ရှာဖွေ တွေရှိခဲ့ပုံကို ပြောပြခဲ့ပါတယ်။

ဝန်ထမ်းဘဝ လုပ်ကိုင်ရင်း ၂၀၁၅ ခုနှစ်အရောက်မှာတော့ ကိုယ်ပိုင်ကျောင်းဖြစ်တဲ့ SMEBI ကို စတင် တည်ထောင်ဖြစ်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ပြီးချိန်မှာလဲ ဝန်ထမ်းဘဝနဲ့ စလက်ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

item
ဝါးကို ပရိဘောဂနှင့် အလှဆင်ပစ္စည်းများ အဖြစ်ထုတ်လုပ်သူ ဦးတင်ထွန်းနီ

 “ဝါးပစ္စည်းကို လူတိုင်းက ကြိုက်နိုင်တာမဟုတ်ဘူး၊ ဝါးက ပိုးထိုးနိုင်တယ်၊ ဝါးကို သုံးလေးလ ပိုမထိုးအောင် သဘာဝအတိုင်း ပြုပြင်ထားရင် ပိုးမထိုးပါဘူး၊ ဒါပေမယ့် လူတွေအမြင်မှာတော့ ဝါးက ပိုထိုးတယ်၊ ကြာရှည်မခံဘူး၊ ဒါပေမယ့် သစ်သားထက်ဈေးပိုကြီးနေ တယ်၊ ကျွန်တော်တို့ရဲ့ ၀ါးကလည်း သစ်သားလိုဘဲ ကြာရှည်ခံပါတယ်” ဟု ဦးတင်ထွန်းနီက ပြောပါတယ်။

Article Video: 
ဝါးကို ပရိဘောဂနှင့် အလှဆင်ပစ္စည်းများ အဖြစ်ထုတ်လုပ်သူ ဦးတင်ထွန်းနီ

Business Bees (ကြိုးကြိုးစားစားလုပ်ငန်းရှင်များ) အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့ညမှာတော့ ဝါးပင်တွေကို ချစ်မြတ်နိုလို့ သူ့ရဲ့ ခြံထဲမှာလဲ ဝါးပင်တွေ စိုက်ပျိုး ပြီး ဝါးတွေနဲ့ တန်းဖိုးမြင့် ပရိဘောဂတွေ ထုတ်လုပ်နေသူ ဦးတင်ထွန်းနီ ဖြစ်ပါတယ်။
ဦးတင်ထွန်းနီက သင်္ဘောသားလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့သူပါ၊ ဒီလိုလုပ်ကိုင်ရင်း သင်္ဘောက ပြန်ဆင်းလို မြန်မာနိုင်ငံပြန်ရောက်ချိန်မှာတော့ သူချစ်မြတ်နိုးတဲ့ ဝါးတွေကို စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နေသူ ဖြစ်ပါတယ်။
(အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)
#Biz_Bees #Shwehmifurniture #Friday7pm

Pages

GET UP TO DATE NEWS FOR FREE

Find out first about new and important news