Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

Daily News

ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ပိုင်တံခွန်

ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံ ခရီးသွား အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မော်ဒယ်/သရုပ်ဆောင် ပိုင်တံခွန်ကို ခရီးသွား သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ခရီးသွား သံတမန်အဖြစ် တစ်နှစ်တာ ခန့်အပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၁ နေ့က ရန်ကုန်မြို့ Wyndham Grand Yangon မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

PhyoPyaePyae Khin

#BETVDailyNews #RiceMarket

အခြေခံစပါးဈေးနှုန်း (၃)မျိုးသတ်မှတ်ရေး အစိုးရထံ ဆန်စပါးအသင်းချုပ်အကြံပြုမည်

“နိုင်ငံတော်ကို အကြံပြုတဲ့အခါမှာ ပုံစံ (၃)မျိုးနဲ့ တင်ပြဖို့ ရှိပါတယ်။ ပုံစံတစ်မျိုးကတော့ ၄ သိန်း ၈ သောင်း၊ နောက်တစ်ခုက ၅ သိန်း၊ နောက်တစ်ခုကတော့ ၅ သိန်း ၂ သောင်း။ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ရွေးချယ်ပြီးတော့ အကောင်းဆုံးကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု မြန်မာဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

Mg R’ NoE

#BETVDailyNews #RiceMarket

လာမည့်နှစ် တရုတ်နိုင်ငံသို့ ဆန် (၅)မျိုးကို တန်ချိန် (၂)သိန်းခွဲအထိတင်ပို့နိုင်ရန် အဆိုပြုထား

“ အမျိုးအစားသတ်မှတ်တဲ့နေရာမှာ တဖက်နိုင်ငံက လိုအပ်တဲ့ ဆင်းသုခမျိုးရယ် မှော်ဘီမျိုးရယ် ငစိန်/ရာကျော်အုပ်စုရယ် ရက်(၉၀) အုပ်စုရယ်ဆိုပြီး ၄/၅ မျိုးကို အမျိုးအစားနဲ့ ရောင်းချတဲ့စနစ်နဲ့ တန်ချိန် (၂)သိန်းခွဲလောက် တိုးချဲ့တင်ပို့ရောင်းနိုင် အောင် ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)
Mg R’ NoE
#BETVDailyNews #ChinaRiceMarket

UMFCCI ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်း ခေတ်ကာလနှင့်အညီ ကိုက်ညီမှုရှိစေရန် ရေးဆွဲထားခြင်းမရှိဟုဆို

“ လူတွေတော်တော်များများက ဒါနဲ့ပတ်သက်ပြီး ပြင်စေချင်ရင် လုပ်စေချင်ရင် ဘယ်က စပြောရမှန်းမသိဘူး။ သိတော့ သိတယ်။ ပြောရမှာခက်နေကြတယ်” ဟု မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောသည်။

စက်တင်ဘာ (၁၄)ရက်က ပြုလုပ်ခဲ့သည့် ညီနောင်အသင်းကိုယ်စားလှယ်များနှင့် အသင်းဝင်များ၏ ကုန်သည်စက်မှုအသင်းချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းအပေါ် ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

Mg R’ NoE

#BETVDailyNews #Constitution(Draft) #UMFCCI

ယူနန်ပြည်နယ်အစိုးရက စပါးဝယ်ယူရန် တရားဝင်ကမ်းလှမ်းထား

“တရုတ်နိုင်ငံနဲ့ပဲဖြစ်ဖြစ်၊ အခြားနိုင်ငံတွေနဲ့ပဲ ဖြစ်ဖြစ် စပါးဝယ်ယူတဲ့ကိစ္စကို စဉ်းစားမယ်ဆိုရင် အဲ့ဒီနိုင်ငံက ကျွန်တော်တို့နိုင်ငံရဲ့ဆန်ကို ဘယ်လောက်ဝယ်ယူသလဲဆိုတဲ့ အပေါ် အခြေခံပြီး ညှိနှိုင်းသင့်ပါတယ်ဆိုတဲ့ အကြုံပြုချက်ကို ပေးထားပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

Mg R’ NoE

#BETVDailyNews #RiceMarket #ChinaMarket

YCDC သို့ ပေးသွင်းရသည့် အခွန်အခများကို အွန်လိုင်းမှတစ်ဆင့် ပေးသွင်းနိုင်တော့မည်

YCDC သို့ ပေးသွင်းရသည့် အခွန်အခများကို AYA Bank, KBZ Pay နှင့် CB Pay တို့အား အသုံးပြုပြီး ပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ ပြည်သူတွေက အခွန်ပေးဆောင်ရတဲ့နေရာမှာ ၀န်ဆောင်မှု ကောင်း ကောင်းနဲ့ လွယ်လွယ်ကူကူပေးဆောင်လို့ရအောင် မဆောင်ရွက်ပေးနိုင်ဘူးလားဆိုပြီး မေးခွန်းတွေ အများကြီးရှိပါတယ်။ ဒီအတွက် YCDC ဘက်ကနေ Payment စနစ်တစ်ခုကို စတင်ဖို့အတွက် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ အရောင်းရဆုံးနှင့် အာရှ၏ ဒုတိယ ရောင်းအားအကောင်းဆုံး 100 Pipers စကော့ ၀ီစကီအား မြန်မာပြည်တွင် တရားဝင်ဖြန့်ချီ

100 Pipers စကော့ဝီစကီကို ဖြန့်ချီရောင်းချမယ့် Seagram Myanmar ကုမ္ပဏီကို ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းက မှတ်ပုံတင်ထားတာဖြစ်ပြီး ဒီလုပ်ငန်းကို ပြင်သစ်က Pernord Ricard ကုမ္ပဏီ၊ မြန်မာက Win Brothers ရယ်၊ စင်ကာပူ စတော့အိတ်ချိန်းစာရင်းတင် Yoma မဟာဗျူဟာ ဦးပိုင်လီမိတက် .. ပြီးတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံနေတဲ့ Delta Capital Myanmar တို့ကနေ အကျိုးတူ ပူုးပေါင်းတည်ထောင်ထားတာဖြစ်ပါတယ်။
#BETVDailyNews #SEAGRAM_MYANMAR #100pipers #Beverages 

ရှမ်း(မြောက်)တိုက်ပွဲများကြောင့် နေ့စဉ် အမေရိကန်ဒေါ်လာ (၇)သန်းကျော်တန်ဖိုးရှိ ကုန်သွယ်မှုများ ရပ်တန့်နေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပျက်တောက်မှုဟာဆိုရင် နယ်ခြားဒေသဂိတ်တွေထဲမှာ မူဆယ်က အကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထိခိုက်နစ်နာမှုမှာ သွင်းကုန်၊ ထုတ်ကုန်တန်ဖိုးတင်မကပါဘူး။ လမ်း၊တံတားထိခိုက်ပျက်စီးမှုအပြင် လူတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိပါတယ်”ဟု ပြောသည်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)
Mg R' NoE
#BETVDailyNews #Border_Trade #Musel_Chinshwehaw

မြေယာလျော်ကြေး ကျပ်ဘီလီယံ(၂၀၀)ကျော် ပေးနိုင်ရေး တိုင်းအစိုးရပိုင်မြေများကို ပြန်ရောင်းမည်ဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ လယ်သမားတွေအနေနဲ့ ဒီမှာပဲ ဆက်ပြီးနေမယ်။ လျော်ကြေးရမှ ထွက်ခွာပေးနိုင်မယ်ဆိုတဲ့ အခြေအနေတစ်ခုရှိနေပါတယ်။  မြို့မြေဖြစ်သွားပြီးတဲ့အတွက် လယ်မြေတော့ ပြန်မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် လျော်ကြေးရရှိဖို့ သူတို့ စောင့်ဆိုင်းနေတယ်။ ဒီနေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့ အခြေအနေတစ်ခု ရှိနေပါတယ်” ဟု ပြောသည်။
(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါရန်)
Mg R’ NoE
#BETVDailyNews #Land_Compensation

မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ဦးတည်ချက်က ဘာဖြစ်မလဲ?

(မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ တော်ဝင်ဦးကိုကိုထွေးရဲ့ ပြောကြားချက်)
(တော်ဝင်)ဦးကိုကိုထွေးက “နိုင်ငံတော်ကို သွားအကျပ်ကိုင်ပြီးတော့ အင်နဲ့အားနဲ့ တောင်းမယ်ဆိုတဲ့ စိတ်ကူးလုံးဝမရှိဘူးဆိုတာကို ဒီမှာပြက်ပြက်သားသား ဖြေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း(Myanmar Business Association-MBA)ကို သြဂုတ်လ (၂၂)ရက်က ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် (ဇေကမ္ဘာ)ဦးခင်ရွှေ၊ ဥက္ကဋ္ဌအဖြစ် (တော်ဝင်)ဦးကိုကိုထွေးနှင့် အတွင်းရေးမှူးအဖြစ် (ရွှေသံလွင်)ဦးကျော်ဝင်းတို့ကို ခန့်အပ်ရန် လျာထားကြောင်းသိရသည်။

Pages

GET UP TO DATE NEWS FOR FREE

Find out first about new and important news