Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

Metropolitan

item
အဆင့်မြင့်သွားတဲ့ ကမ်းနားလမ်းက တစ်ပတ်ရစ်ဆိုင်

econdHand Market ၏ ဈေးကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုမိုးကျော်သူမှ “ လောလောဆယ်တော့ ဒီဈေးမှာ ဈေးဆိုင် (၂၃၀) ရှိပြီး လမ်းအနေအထားအရ လူတစ်ဦးကို လေးပေ ပတ်လည် မြေနေရာပေးပြီးတော့ တစ်လကို တစ်သောင်းသုံးထောင် ကောက်ခံပြီး ရောင်းချခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။ တစ်နေ့ကို သုံးရာကျော်ကျော်လေးဆိုတော့ သူတို့အတွက် ၀န်မလေးတော့ဘူးပေါ့” ဟုဆိုသည်။

item
ဘတ်စ်ကားစီရာမှာ အသုံးပြုမယ့် YPS card ရောင်းမယ့် ဈေးဆိုင်တွေ ဖွင့်ဖြစ်ပါ့မလား

 

ဘတ်စ်ကားစီးရင် ကားခပေးဖို့ အကြွေရှာရတာက မသီတာအေးအတွက် အလုပ်တစ်ခုလို ဖြစ်နေပါတယ်။ ဒါကြောင့် အကြွေရှာရတဲ့ ပြဿနာမရှိတဲ့ ကတ်ထဲ ငွေဖြည့်ပြီး စီးဖို့ကို သူက မျှော်လင့်နေတာဖြစ်ပါတယ်။

အကြွေမရှိတဲ့အခါကျရင်တော်တော် ခက်ခဲတယ်။ အကြွေကိုင်နေရတာက အလုပ်တစ်ခု ဖြစ်နေတာ။ ကိုယ်ပေးချေရမယ့် ပိုက်ဆံကို ကတ်ထဲ ထည့်ထားတာ ဆိုတော့ အကြွေလည်း ဆောင်စရာမလိုတော့ဘူး။ ဘယ်သွားသွား ယူသွားလို့လည်း အဆင်ပြေတယ် လို့မြောက်ဥက္ကလာမှာ နေထိုင်တဲ့ မသီတာအေးက ဆိုပါတယ်။

item
စမတ်ကားပါကင်ကို မျှော်လင့်နေသူများ

မြို့ထဲကို Taxi အသွား/အပြန်ငှားပေမယ့် ကားပါကင်နေရာ ခက်ခဲတာကြောင့် အသွားတစ်ကြောင်းပဲ ပို့နေရတာကို ဦးစိုးသိန်း စိတ်ကုန်နေပါပြီ။ ယာဉ်နှစ်ထပ်ရပ်တာတွေ နဲ့ ကားပါကင်နေရာတွေမှာ ဈေးရောင်းချမှုတွေ ရှိနေတာကြောင့် ခုလို ကားပါကင်ရှားပါးမှုကို ဦးစိုးသိန်း ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒါကြောင့် စမတ်ကားပါကင်တွေ လုပ်ပေးလို့ရှိရင် သူ့လို Taxi ယာဉ်မောင်းတွေအတွက် ပိုပြီး အဆင်ပြေလာလိမ့်မယ်ဆိုတာကို ခုလိုပြောပါတယ်။

မြန်မာ့မီးရထားကို ယုံကြည်မှုအပြည့်နဲ့ ဘယ်အချိန်မှာ အသုံးပြုနိုင်မှာလဲ

ရန်ကုန်မြို့တွင် ရထားအသုံးပြုမှုနှုန်းမှာ ၅ ရာခိုင်နှုန်းသာရှိပြီး ကျန်သည့် ၈၅ ရာခိုင်နှုန်းခန့်မှာ ဘတ်စ်ကားကို အဓိကထား အသုံးပြုကြခြင်း ဖြစ်သည်။ သို့သော် ကားလမ်းပိတ်ဆို့ခြင်းများကြောင့် သွားမည့်ခရီး ကြန့်ကြာခြင်းများရှိသော်လည်း မီးရထားကို ရွေးချယ်ဖို့ကိုမူ မစဉ်းစားကြချေ။ အကြောင်းမှာမူကား ရထားတစ်စီးနှင့် တစ်စီး ဆိုက်ရောက်ချိန် ကွာဟမှုများခြင်း၊ အချိန်မမှန်ခြင်းနှင့် မြို့ပါတ်ရထားဘူတာများမှာ လမ်းမကြီးနှင့် ဝေးကွာနေခြင်းတို့ကြောင့် ဖြစ်သည်။

ကိုရန်နိုင်တစ်ယောက်ကတော့ ရထားဘူတာမှာ တစ်နာရီနီးပါး အချိန်ဖြုန်းရမည်ကို “ရထားအချိန်ကတော့ နည်းနည်းတော့ Gap ဖြစ်တယ်။ အခုဆိုလို့ရှိရင် ကျွန်တော် ၁၂ နာရီက ရောက်တယ်။ ရထားက ၁ နာရီ ငါးမိနစ်မှ ရောက်မယ်ဆိုတော့ တစ်နာရီလောက် အချိန်ပုပ်သွားပါတယ်။ ကားဆိုလို့ရှိရင် အဲလိုမျိုးမပုပ်ဘူးပေါ့။ အဲ့တာတွေတော့ ကွာပါတယ်”  ဟုဆိုသည်။

item
ရေကြီးရေလျှံမှု နည်းပါးလာတဲ့ ရန်ကုန်

ယခင်နှစ်တွေမှာ ရေမြောင်းထဲ အမှိုက်ပိတ်ဆို့တာတွေ၊ ထူးကဲဒီရေ တက်တာတွေကြောင့် လမ်းမပေါ် ရေတင်တာ ကြာတတ်ပေမယ့် အခုနှစ်မှာတော့ ရေမြောင်းတွေ ရှင်းထားတဲ့အတွက် ရေကြီးရေလျှံတာမျိုးတွေ မရှိတော့ဘူးလို့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၊ လမ်း (၄၀) မှာ နေထိုင်တဲ့ ဒေါ်မေလှမြိုင်က ဆိုပါတယ်။

item
တွင်ကျယ်လာတဲ့ ကားနဲ့ ဈေးလိုက်ရောင်းတဲ့ ဈေးသည်များ

တစ်နေရာနဲ့ တစ်နေရာကို ပြောင်းရွှေ့ရလွယ်ကူပြီး နေရာခင်းကျင်းအတွက်လည်း စိတ်ပူစရာမလိုတဲ့ ကားတွေနဲ့ ဈေးရောင်းချတာတွေဟာ ရန်ကုန်မှာ တွင်ကျယ်လာပါတယ်။ လူစည်ကားတဲ့ နေရာတွေမှာ လိုက်လံရောင်းချဖို့ အဆင်ပြေတဲ့အတွက် အခုလို ကားတွေကို  အသုံးပြုပြီး ဈေးရောင်းလာကြတာဖြစ်ပါတယ်။

item
ကျောင်းကားတွေက ကားလမ်းပိတ်ဆို့တာကို လျော့နည်းစေမှာလား

လေပြင်းတွေနဲ့အတူပါလာသည့် မိုးစက်တွေကို ရှောင်ဖို့ ကားမှန်တံခါးကို ပြန်တင်နေသူကတော့ လှိုင်မြို့နယ်မှ Taxi ကားမောင်းသူ ဦးလှဝင်း ဖြစ်သည်။ “ မိုးရွာတော့ ကားတွေကလည်း ပိတ်ချက် ၊ ဒီနေ့ ခရီးသည် သိပ်မရဘူး” ဟု အိမ်ပြန်လမ်းကြောင်းသင့်သည့် နောက်ဆုံးခရီးသည်တစ်ဦးကို ကားပေါ်တင်ပြီး ငြီးနေမိသည်

Article Video: 
ကျောင်းကားတွေက ကားလမ်းပိတ်တာကို ဖြေရှင်းနိုင်ပါ့မလား

ကျောင်းကြို၊ ကျောင်းပို့ လုပ်တဲ့ ကျောင်းကားတွေ၊ ကိုယ်ပိုင်ကားတွေ ဟာ ယာဉ်ကြောရှုပ်ထွေးမှုတွေကို ဖြစ်စေတဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းဖို့ YRTA ကနေ School Bus တွေကို ကျောင်းတွေမှာ ၀န်ဆောင်မှု ပေးနေပြီဖြစ်ပါတယ်။ ဒီကျောင်းကားတွေက ရန်ကုန်မြို့ကားလမ်းပိတ်တာကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းပေးနိုင်ပါ့မလား ဆိုတာကို BETV ရဲ့ ရန်ကုန်တစ်ခွင် (Yangon 360) အစီအစဉ်မှာ ကြည့်ရှုလိုက်ကြရအောင်ပါ။

(အပြည့်အစုံကို https://youtu.be/yy4PE5xUgmA ရုပ်သံတွင် ကြည့်ရှုရန်)

item
ရာသီတုပ်ကွေး H1N1 ရောဂါဟာ စိုးရိမ်ရမယ့်အခြေအနေလား

Influenza A (H1N1) pdm 09 တုပ်ကွေးရောဂါပိုးကြောင့် အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာသေဆုံးသူ(၇၂)ဦး အထိ ရှိလာနေပြီဖြစ်ပါတယ်။ အခုနှစ်ရဲ့ H1N1 ရောဂါ ဖြစ်ပွားနှုန်းဟာ ရောဂါစတင်ပျံ့နှံ့တဲ့ ၂၀၁၇ ခုနှစ်က သေဆုံးနှုန်းထက် နှစ်ဆနီးပါး ပိုများလာတာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ H1N1 ရောဂါဟာ မြန်မာပြည်ကို ၂၀၁၇ ခုနှစ်မှာ စတင်ပြန့်နှံ့လာခဲ့တာဖြစ်ပြီး  တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ သေဆုံးသူ ၃၈ ဦးသာ ရှိခဲ့ပါတယ်။

item
လမ်းပျောက်နေတဲ့ ရန်ကုန်မြို့က စက်ဘီးသမားများ

“ စက်ဘီးစီးရတာ အဆင်မပြေဘူး။ ကားသမားတွေ ဆဲတာ ခံရတယ်။  ကိုယ်မှန်နေရင်လည်း အဆဲခံရတာပဲ။ မိုးရာသီဆိုတော့ ပိုဆိုးတယ်။ တလောကတောင် ကားနဲ့ ပွတ်မိလို့ တောင်းပန်လိုက်ရသေးတယ်”လို့ ကိုဝေယံစိုးက မြို့ထဲမှာ စက်ဘီးစီးရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်

Pages

GET UP TO DATE NEWS FOR FREE

Find out first about new and important news