Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

ကုန်သည်စက်မှုအသင်းချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်မှုအား အသင်း သားစုံညီအထူး အစည်းအဝေး မှ ထောက်ခံအတည်ပြု

item
စက်တ်ဘာလ ၂၁ ရက်က ပြုလုပ်သည့် ကုန်သည်စက်မှုအသင်းချုပ် အသင်းသားစုံညီအထူးအစည်းအဝေး

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကုန်သည်စက်မှုအသင်းချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်မှုအား  အသင်းသားစုံညီအထူး အစည်းအဝေးမှ ထောက်ခံ အတည်ပြုလိုက်ပါတယ်။ 

ကုန်စည်စက်မှုအသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ ပြင်ဆင်ရေး ဆွဲခဲ့ပြီး  အတည်ပြုနိုင်ရေးအတွက် အသင်းသားစုံညီအထူးအစည်းအဝေးကို  စက်တင်ဘာလ ၂၁ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ 

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက " အသင်းချုပ်ကြီး တောင့်တင်းခိုင်မာပြီး ရေရှည်စဉ်ဆက်မပြတ် တည်တံ့ ခိုင်မြဲရေး၊ စည်းလုံးညီညွှတ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ရေးစတဲ့ အချက်များကို ရည်ရွယ်ပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို ပြင်ဆင်ရေးဆွဲခဲ့ပါတယ်" ဟု    ဆိုပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ခေတ်စနစ်နှင့်အညီ လျော်ညီအောင် ပြင်ဆင်ရေးသားခဲ့ခြင်းဖြစ်ပြီး အခန်း (၁၂)ခန်း၊ အပိုဒ် ပေါင်း (၆၇) ပိုဒ်နှင့် အပိုင်ဒ်ခွဲငယ် (၃၀၀) ကျော် ပါဝင်ပါတယ်။ 

အရေးကြီးဆုံးနှင့် အခြေခံအကျဆုံး ပြင်ဆင်ပြောင်းလဲမှုမှာ အသင်းချုပ်၏ ယခင်ရည်ရွယ် ချက်များအစား ရည်ရွယ်ချက်အသစ် (၇)ချက်ဖြင့် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အနှစ်ချုပ်အားဖြင့် ပုဂ္ဂလိကကဏ္ဍအား စစ်မှန် သော ကိုယ်စားပြု၍ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BETVNews

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news