Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

ကုန်သွယ်ခွန် သက်သာခွင့်ရမည့် ကျောက်မျက်ရတနာပြပွဲ မန္တလေးတွင် ပြုလုပ်မည်

item

မန္တလေး၊ စက်တင်ဘာ ၁၉

အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ မန္တလေးကွန်ဗားရှင်းစင်တာတွင် မြန်မာကျပ်ငွေဖြင့် ရောင်း ချမည့် ကျောက်မျက်ရတနာပြပွဲကို ကျင်းပသွားမည်ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး) အတွင်းရေးမှူး ဦးကျော်နေလင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ယင်းပြပွဲတွင် ကုန်သွယ်ခွန် (၅) ရာခိုင်နှုန်း သက်သာမည့်အပြင် အထူးကုန်စည်ခွန် (၁၅) ရာခိုင်နှုန်း ကိုလည်း  လျှော့ချသွားမည်ဟု သိရသည်။

“အခွန်ဥပဒေထဲမှာဖော်ပြထားတဲ့ အစိုးရကြီးမှူးကျင်းပတဲ့ပွဲမှာဆိုရင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းလွတ်တယ်၊ တစ်နှစ်အတွင်းမှာ ကုမ္ပဏီတစ်ခုက သိန်းငါးရာထက်မကျော်မှသာ အခွန် ၅ ရာခိုင်နှုန်းလွတ်တယ်၊ အခုက ဒီပွဲတစ်ပွဲထဲမှာပဲ သိန်းငါးရာကျော်သွားရင်လဲ ကုန်သွယ်ခွန်ပေးစရာမလိုပါဘူး”ဟု ဦးကျော်နေလင်းက  ပြောသည်။

ကျောက်မျက်အရောင်းအ၀ယ်အေးသည့်ကာလတွင် မြန်မာနိုင်ငံသားများ အရောင်းဝယ်ဖြစ်အောင် ပြုလုပ်သည့် ပွဲဖြစ်သည့်အပြင်  တိုင်းအစိုးရအဖွဲ့မှ အရောင်းအ၀ယ်ပြုလုပ်သူများ အခွန်သက်သာအောင် ပြုလုပ်ပေးသည့် ပွဲ ဖြစ်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ (၂၀) ရက်တွင်  စတင်ပြီး လေ့လာကြည့်ရှုခွင့်  (၂) ရက်နှင့် ရောင်းချခွင့် (၄) ရက် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲအား မည်သည့်နိုင်ငံသားမဆို လေ့လာကြည့်ရှုနိုင်ပြီး နိုင်ငံခြားသားများကို  လေ့လာခွင့်သာပေးမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားသားကိုတော့ ၀င်ရောက်လေ့လာခွင့်တော့ ပေးမှာပါ၊ ကြည့်ရှု လေ့လာဖို့ကိုလဲ ဖိတ်ခေါ်မှာပါ။ ဒါပေ မယ့် လေလံဆွဲခွင့်တော့မပေးပါဘူး” ဟု အတွင်းရေးမှူး ဦးကျော်နေလင်းက ပြောသည်။

ကျောက်စိမ်းတွဲများအား တင်ဒါဆွဲမည်ဆိုပါက မြန်မာကျပ်ငွေနှင့် ရောင်းချသည့်ပွဲဖြစ်သည့် အတွက် မြန်မာနိုင်သားများသာ တင်ဒါဆွဲရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် ကျောက်မျက်ကုမ္ပဏီများ၊ ကျောက်စိမ်း အရောင်းဆိုင်များမှသာ ဆွဲခွင့်ရှိကြောင်း သိရသည်။

ပြည်ဘုန်းမောင်

#BETVDailyNews #Gem

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news