Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

ဆိုက်ရောက်ဗီဇာ စမ်းသပ်ကာလအား တစ်နှစ် ထပ်မံသက်တမ်းတိုး

item
မန္တလေးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်နေသည့် ပြည်ပခရီးသွားတစ်ဦးအား တွေ့ရစဉ် (Photo - ပြည်ဘုန်းမောင်)

မန္တလေး၊ စက်တင်ဘာ ၁၈ ရက်

ခရီးသွားကဏ္ဍ၌ ၀င်ရောက်ထွက်ခွာမှု လွယ်ကူချောမွေ့စေရန်နှင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု တိုးမြှင့်ရန်ရည်ရွယ်၍ ဆိုက်ရောက်ဗီဇာ စမ်းသပ်ကာလအား တစ်နှစ် ထပ်မံတိုးမြင့်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

“ခရီးသွားကဏ္ဍတိုးတက်ဖို့ဆိုတာက ၀င်ရောက်ထွက်ခွာမှုက အရေးကြီးတယ်၊ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ခရိးသွားဧည့်သည်ကလဲ လာမဲ့ခရီးသွားရာသီမှာတော့ လက်ရှိထက်ပိုမိုတိုးတက်လာမယ်လို့ မှန်းထားတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာမှစတင်ကာ ဗီဇာဖြေလျှော့မှုအဖြစ် ဂျပန်၊ တောင်ကိုးရီးယား၊ မကာအို၊ ဟောင်ကောင်တို့ကို ဗီဇာဖရီး၊ တရုတ်နိုင်ငံကို ဆိုက်ရောက်ဗီဇာအဖြစ် ဖြေလျှော့ခွင့်ပြုခဲ့ပြီး အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွီဇာလန်၊ ဂျာမနီနှင့် ရှရှားနိုင်ငံ(၆) နိုင်ငံအား ဆိုက်ရောက်ဗီဇာခွင့်ပြုခဲ့သည်။

ဗီဇာဖရီးအဖြစ် စမ်းသပ်ကာလမှာ စက်တင်ဘာ (၃၁) တွင် တစ်နှစ် ပြည့်မည်ဖြစ်ပြီး၊ ဆိုက်ရောက်ဗီဇာ(VOA) မှာလဲ နိုဝင်ဘာ (၃၀) ၌ တစ်နှစ်ကာလပြည့်မည်ဖြစ်သဖြင့် ယခုကဲ့သို့ စမ်းသပ်ကာလကို ထပ်မံတိုးမြင့်ရခြင်းဖြစ်ကြောင်း သိရသည်။

 မန္တလေးတိုင်းအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ထက် (၂၇) ရာခိုင်နှုန်းကျော် တိုးတက်လာပြီး အရှေ့တိုင်းခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ တစ်ရာရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

ကာလတူနိုင်းယှဉ်ချက်များအရ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ နိုင်ငံခြားခရီးသွား နှစ်သိန်းခြောက်သောင်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ သုံးသိန်းကိုးသောင်းကျော် ၀င်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု တစ်သိန်းကျော် တိုးမြင့်ကြောင်း ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်ဘုန်းမောင်

#BETVDailyNews #Toursim 

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news