Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

ထိုင်းခရီးသွားဈေးကွက် မြှင့်တင်ဖို့ ခရီးသွားသံတမန် ဖြစ်လာတဲ့ ပိုင်တံခွန်

item
ထိုင်းနိုင်ငံပြည်ပခရီးသွားဈေးကွက် မြှင့်တင်ရေး ခရီးသွားသံတမန် မော်ဒယ်/သရုပ်ဆောင် ပိုင်တံခွန်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံမှာ ပုရိသတ် အခိုင်အမာရထားတဲ့ ပိုင်တံခွန်ကို ထိုင်းနိုင်ငံပြည်ပ ခရီးသွား ဈေးကွက်မြှင့်တင်ဖို့ အတွက် ခရီးသွားသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။

မြန်မာနိုင်ငံ ခရီးသွား အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ခန့်အပ်လိုက်တာ ဖြစ်ပြီး ခရီးသွား သံတမန်အဖြစ် တစ်နှစ်တာ ခန့်အပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၁ နေ့က ရန်ကုန်မြို့ Wyndham Grand Yangon မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

“မြန်မာနိုင်ငံမှာ ဘယ်လို လှပတဲ့ နေရာတွေ ရှိတယ်။ ဘယ်လိုနေရာတွေက ပိုပြီးတော့ ခရီးသွားတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ၊ တခြားနိုင်ငံတွေမှာလို ကိုယ်တွေ နိုင်ငံမှာလည်း လှပတဲ့နေရာတွေ ရှိတယ်ဆိုတာကို သံတမန် တစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး Promote လုပ်ပေးရမှာပေါ့” လို့ ပိုင်တံခွန်က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ထိုင်းနှင့် မြန်မာအကြားမှာ နေ့စဉ် လေယာဉ် အခေါက်ရေ (၂၅) ခေါက်နှင့် အထက် ပြေးဆွဲလျက်ရှိပြီး ပုံမှန်ခရီးစဉ်အပြင် ခရီးစဉ် အသစ်တွေကိုလည်း ဖော်ထုတ်သွားမှာလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ  ဒေါ်မေမြတ်မွန်ဝင်းက ဆိုပါတယ်။

" ထိုင်းနဲ့ မြန်မာနိုင်ငံက အရမ်းကို ရင်းနှီးလည်း ရင်းနှီးတယ်။ နီးလည်း နီးစပ်တယ်။ နယ်စပ်ပေါက်တွေလည်း အများကြီးရှိသလို Flight ဆိုရင်လည်း တပတ်ကို (၂၅)စီး၊ အစီး (၃)လောက်လာနေတယ်။ ကျွန်မတို့ အတွက် အခွင့်အရေးတွေက အများကြီးရှိတယ်။ အခုရှိနေတဲ့ Customer တွေ မဟုတ်ပဲနဲ့ အသစ်တွေလည်း ထပ်ရှာလို့ ရတာပေါ့နော်။ အခုအချိန်မှာလည်း ပိုင်တံခွန်က ထိုင်းမှာ အရမ်းကို အောင်မြင်နေတယ်။ အရမ်းကို ထိုင်း Fan တွေရဲ့ ချစ်ခင်အားပေးမှုကို ရနေတယ်ဆိုတော့။ သူကို ကိုယ်ပေးချင်တဲ့ Massage တွေ ပေးမယ်။ အဓိက ကျွန်မတို့ပေးချင်တာကတော့ မြန်မာနိုင်ငံဟာ Save To Travel , Good To Travel ပေါ့နော်။ နောက်ပြီးတော့ ဈေးနှုန်းအနေနဲကလည်း အရမ်းကိုသင့်တင့်တယ်ဆိုတဲ့ Massage မျိုးတွေ ၊ ကြည့်စရာတွေ အများကြီးရှိတယ် ဆိုတဲ့ Massage တွေကို ပိုင်တံခွန်ကနေ တစ်ဆင့်ပေးဖို့ဖြစ်ပါတယ်" ဟု ဒေါ်မေမြတ်မွန်ဝင်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံများအနက် တရုတ်နိုင်ငံက ခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်ပြီး ဒုတိယမြောက် အမြင့်ဆုံးနိုင်ငံက ထိုင်းနိုင်ငံဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားဈေးကွက် မြှင့်တင်ရေးအသင်းမှ သိရပါတယ်။

PhyoPyaePyaeKhin

#BETVDailyNews #Tourism_Marketing

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news