Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

မန္တလေးတွင် အဆင်မြင့်ညဈေးတန်းတစ်ခု တည်ဆောက်ရန် စီစဉ်

item
မန္တလေးမြို့ နန်းရှေ့ရှိ (၁၄)လမ်းပေါ်တွင် အကောင်အထည်ဖော်နေသည့် အဆင့်မြင့်ညဈေးတန်းစီမံကိန်း လုပ်ငန်းခွင် (Photo - ပြည်ဘုန်းမောင်)

မန္တလေး၊ စက်တင်ဘာ ၂၀

မန္တလေးမြို့သူ မြို့သားများ အနားယူအပန်းဖြေနိုင်ရန်နှင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှုရှိစေရန်ရည်ရွယ်၍ မန္တလေးမြို့ နန်းရှေ့ရှိ (၁၄) လမ်းပေါ်၌ အဆင်မြင့်ညဈေးတန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညဈေးတန်းဖော်ဆောင်ခြင်းကို ယခင် ကျုံးရေသွင်းမြောင်းနေရာဖြစ်သည့် ၆၂ လမ်းနှင့် ၆၆ လမ်းကြား၊ ၁၄ လမ်းပေါ်ရှိ နေရာအား မြေဖို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာသည် မန္တလေးရွှေကျောင်းကြီး၊  ကျုံးရှေ့တို့နှင့် နီးသဖြင့် မန္တလေးမြို့သူမြို့သားများ အပန်းဖြေနိုင်သည့်အပြင် နိုင်ငံခြားခရီးသွားများကိုလဲ ဆွဲဆောင်နိုင်သည့် နေရာတစ်ခုအဖြစ် ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ညဈေးအား ဈေးကြီးအဖြစ် တည်ဆောက်သွားမည်မဟုတ်ဘဲ ညပိုင်းအချိန်တွင်သာ အနားယူအပန်းဖြေသည့် ဈေးဆိုင်တန်းများအဖြစ်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အဓိကအားဖြင့် အနားယူအပန်းဖြေနိုင်ရန်နေရာများ၊ အမှတ်တရပစ္စည်းဆိုင်များ၊ မုန့်ဈေးတန်းများ ဖော်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများ အနားယူနိုင်ရန် ရည်ရွယ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ညဈေးတန်းဖော်ဆောင်နိုင်ရန် လက်ရှိ၌ မြေဖို့ခြင်း၊ မြေသားညှိခြင်း၊ လမ်းချဲ့ခြင်းများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအကောင်းအထည်ဖော်မည်ဆိုပါက ယှဉ်ပြိုင်မှုအဆိုပြုလွှာ ခေါ်ယူသွားမည်ဖြစ်ပြီး မည်သူမဆို ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယှဉ်ပြိုင်မှုအဆိုပြုလွှာ(Swiss Challenge) တွင် ပါဝင်ယှဉ်ပြိုင်မည့် ကုမ္ပဏီများအနေဖြင့် ညဈေးတန်းတစ်ခုတွင် ပါဝင်ရမည့် ဆိုင်တန်းများ၊ ကားပါကင်များ၊ လျှောက်လမ်းများပါဝင်သည့် ဈေးဆိုင်တန်းပုံစံ ရေးဆွဲပြီး ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သညာယာရေးကော်မတီမှ သတ်မှတ်ထားသည်။

ပြည်ဘုန်းမောင်

#BETVDailynews #Nighte_Market

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news