Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ (၄ ဒသမ ၄ )ဘီလီယံနီးပါးဝင်ရောက်ထား

item
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာနရုံးအား တွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၁၈

လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်ပတ်အလိုတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၄ ဒသမ ၄)ဘီလီယံနီးပါးသာ ၀င်ရောက် ထားပြီး မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသို့ ရောက်ရှိရန် အမေရိကန်ဒေါ်လာ (၁)ဘီလီယံ ကျော်လိုအပ်နေ သေးကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က " ဒီနှစ်မှာ မှန်းထားတာတော့ (၅ဒသမ၈) ဘီလီယံပေါ့နော်။ အခုရတာ (၄ ဒသမ ၄) လောက်ရှိပြီဆိုတော့ နည်းနည်းတော့ လိုသေးတာပေါ့။ ဒါပေမယ့် အခုကျန်တဲ့အချိန်လေး နည်းနည်းရှိသေးတော့ လာမည့် ရင်းနှီးမြှုပ်နှံမှုရှိမယ်ဆိုရင် ပြည့်သွားနိုင်ပါတယ်" ဟု ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်တင်အေးဟန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းသို့ ၀င်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၁၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အ တည်ပြု ပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၆၂)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၅၉၄ ဒသမ ၅၄၄)သန်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၉၅၉ ဒသမ ၆၄)သန်းဖြစ်သည်။

အဆိုပါကာလအတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၃၆၂ ဒသမ ၂၈၀)သန်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၃၂၁ ဒသမ ၉၂၀)သန်းဖြစ်ကြောင်း သိရသည်။

လက်ရှိပြည်တွင်းသို့ အများဆုံးအနေဖြင့် စင်္ကာပူနိုင်ငံမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံထားပြီး ဒုတိယအများဆုံးမှာ တရုတ်နှင့် တတိယအများဆုံးမှာ ဟောင်ကောင်တို့မှ ဖြစ်ကြောင်း သိရသည်။

BETVNews

#BETVDailynews #MIC #FDI_Myanmar

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news