Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

အရက်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ ၀ိုင်များတွင် အခွန်အမှတ်တံဆိပ်မပါရှိပါက လက်ဝယ်ရှိသူမှ တန်ဖိုး၏ (၁၀၀) ရာခိုင်နှုန်းပေးဆောင်ရမည်

item

ရန်ကုန်၊ မတ် ၂၇

 

အထူးကုန်စည်အဖြစ် အခွန်အမှတ်တံဆိပ်ကပ်ရန်သမှတ်ထားသော အရက်၊ စီးကရက်၊ ဆေးပေါ့လိပ်နှင့် ၀ိုင်များတွင် အခွန်အမှတ်တံဆိပ်ကပ်နှံထားခြင်းမရှိပါက လက်ဝယ်ထားရှိသူမှ ပစ္စည်းတန်ဖိုး၏ (၁၀၀) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ (၂၂) ပုဒ်မခွဲ (ဂ) အရ  လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ရာနှုန်းပြည့်ပေးဆောင်ရမည့်အပြင် ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ခံရမည်ဖြစ်သည်။

ထို့အပြင် အထူးကုန်စည်များကိုထုတ်လုပ်ပြီးနောက် အခွန်အမှတ်တံဆိပ်ကပ်ခြင်းမရှိဘဲ ရောင်းချဖြန့်ဖြူးသည်ကို စစ်ဆေးတွေ့ရှိပါက အထူးကုန်စည်ခွန်ဥပဒေပုဒ်မ (၂၂)၊ ပုဒ်မခွဲ (စ) အရ ထုတ်လုပ်သူမှ  တန်ဖိုး၏ (၅၀) ရာခိုင်နှုန်းကို ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

ထိုကဲ့သို့ အခွန်ပေးဆောင်ထားခြင်းမရှိသည့် အထူးကုန်စည်များကို သတင်းပေးတင်ပြပါက သတင်းပေးသူကို ဒဏ်ငွေ၏ (၂၀) ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသူကို (၃၀) ရာခိုင်နှုန်း အထူးကုန်စည်ခွန်ဥပဒေအရ ချီးမြှင့်သွားရန်လည်း စီစဉ်ထားသည်။

စီးကရက်၊ အရက်၊ ၀ိုင် တို့ကို ၂၀၁၅ ခုနှစ်မှစတင်၍ အထူးကုန်စည်အဖြစ် အခွန်အမှတ်တံဆိပ်ကပ်နှံရန် ညွှန်ကြားထားခဲ့ပြီး ဆေးပေါ့လိပ်များအတွက် ၂၀၁၇ ခုနှစ်မှစ၍ ညွှန်ကြားချက်ထုတ်ထားခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news