Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ စက်မှုကဏ္ဍမှ လုပ်ငန်း (၉)ခုနှင့် မွေးမြူရေး/ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၁)ခုတို့အား MIC ခွင့်ပြု

item
စက်တင်ဘာလ ၁၇ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က မီဒီယာ၏ မေးမြန်းမှုအား ဖြေကြားနေစဉ်

ရန်ကုန်၊ စက်တင်ဘာလ ၁၈

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် စက်မှုကဏ္ဍမှ လုပ်ငန်း (၉)ခုနှင့် မွေးမြူရေး/ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၁)ခုတို့အား ထပ်မံခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၉) အပါအ၀င် ရက်သတ္တပတ်အတွင်း နိုင်ငံမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၃)ခု၊ အတည်ပြုလုပ်ငန်း (၇)ခု စုစုပေါင်း (၁၀)ခုတို့အား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

" အဲဒီလုပ်ငန်းတွေ ကနေပြီးတော့ ပြည်တွင်းလုပ်သားတွေအတွက် အလုပ်အကိုင် (၅၆၁၄)ခုကို ဖန်တီးပေးမှာဖြစ်ပါတယ်" ဟု  ဒေါ်တင်အေးဟန်က ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်တင်အေးဟန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါခွင့်ပြုလိုက်သည့်  (၁၀)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၃ ဒသမ ၇၇၁)သန်းဖြစ်ကြောင်း  ဒေါ်တင်အေးဟန်က ဆိုသည်။

ယင်းလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း (၃)ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှု ပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၆)ခုနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁)ခု တို့အား ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BETVNews

#BETVDailyNews #FDI_Myanmar

ADVERTISEMNT

 

ယနေ့ထူးခြား တင်ဒါသတင်းများ

Pages

RELATED NEWS


GET UP TO DATE NEWS FOR FREE

Find out first about new and important news