Get Your Daily Trustiest Business Information

+95-9444212179

Monday, 21 Oct 2019

Tender

item
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနက သန့်စင်ခန်းများ အငှားချထားရန်အတွက် တင်ဒါခေါ်ယူခြင်း အပါအ၀င် ယနေ့ တင်ဒါ ထူးခြားသတင်းများ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတာဝန်ခံအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန ကြီးကြပ်မှုအောက်ရှိ အောက်ပါလုပ်ငန်းများအား အငှားချဆောင်ရွက်ရန်အတွက် တင်ဒါများ ခေါ်ယူထားသည်။

(က) ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ (စတော့ဂိတ်) သန့်စင်ခန်း၊

( ခ) လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းရှိ သန့်စင်ခန်း၊

( ဂ) သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုခုံးတံတား၊ ယာယီပျံကျဈေးအနီးရှိ သန့်စင်ခန်း၊

item
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၀န်ထမ်းအိမ်ရာ (၃)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် 500 KVA Transformer (၂)လုံး တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း အပါအ၀င် ယနေ့ တင်ဒါ ထူးခြားသတင်းများ

ရန်ကုန်၊ စက်တင်ဘာ ၂၀

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်တွင်းအွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ (ဃ) ရပ်ကွက်၊ (၁၆) လုပ်သားလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၄၅) ၊ မြေကွက်အမှတ် (၃၃/က + ၃၃/ခ)၊ ဧရိယာ (၁ ဒသမ ၄၇၈) ဧကပေါ်တွင် (၅၈ ဒသမ ၆ ပေ x ၅၅ ပေ) အကျယ်အ၀န်းရှိ  (၄)ခန်းတွဲ (၇) ထပ် (မြေညီထပ်ကားပါကင် အပါ အ၀င်) ၀န်ထမ်းအိမ်ရာ (၃)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် 500 KVA  Transformer (၂)လုံး  တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။

item
ကုန်သွယ်ရေးဦးစီးဌာနရှိ အခန်း (၁)ခန်း၊ မြေကွက် (၁) ကွက်၊ သိုလှောင်ရုံ (၅)လုံးနှင့် ရေဆင်းတံတားတို့အား ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူခြင်း အပါအ၀င် ယနေ့ တင်ဒါ ထူးခြားသတင်းများ

ရန်ကုန်၊ စက်တင်ဘာ ၁၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အခန်း (၁)ခန်း၊ မြေကွက် (၁) ကွက်၊ သိုလှောင်ရုံ (၅)လုံးနှင့် ရေဆင်းတံတားတို့အား ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူထားသည်။

အဆိုပါငှားရမ်းမှု သက်တမ်း (၅)နှစ်၊ (၁)နှစ် တစ်ကြိမ်စာချုပ်စနစ်၊ ငှားရမ်းမှုတန်ဖိုး၏ (၁)လစာအား စပေါ်ငွေအဖြစ် ထားရှိ၍  ငှားရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းတို့အား (၁၂)လစာ ကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို (၅) ရာခိုင်နှုန်းတိုးမြှင့် ၍ ငှားရမ်းသွားမည်ဖြစ်သည်။

item
ရန်ကုန်-ပုသိမ်လမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် လိုအပ်သော (G-40) Ready Mix Concrete အား ၀ယ်ယူရန် တင်ဒါခေါ်ယူခြင်း အပါအ၀င် ယနေ့ တင်ဒါ ထူးခြားသတင်းများ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၄) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရန်ကုန်-ပုသိမ်လမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက်  လိုအပ်သော (G-40) Ready Mix Concrete အား လုပ်ငန်းခွင်အရောက် (မြန်မာကျပ်ငွေဖြင့်) ၀ယ်ယူရန် တင်ဒါခေါ်ယူထားသည်။

တင်ဒါပေးသွင်းလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များနှင့် တင်ဒါစည်းကမ်းချက်များကို လမ်းအထူးအဖွဲ့ (၁၄) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၏ ကြော်ငြာသင်ပုန်းတွင် (၁၇.၉.၂၀၁၉) ရက်မှစ၍ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

item
မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်း အပါအ၀င် ယနေ့ တင်ဒါ ထူးခြားသတင်းများ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ထဲရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်း များ ဆောင်ရွက်ရန် ပြည်တွင်းမြန်မာနိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။

Pages

GET UP TO DATE NEWS FOR FREE

Find out first about new and important news