Get Your Daily Trustiest Business Information

+95-9444212179

Wednesday, 13 Nov 2019

Videos

ရေဖြူမြို့နယ်မှာ ပြုလုပ်မယ့် LNG စီမံကိန်းကြောင့် ဒေသခံများ အလုပ်အကိုင်ထိခိုက်မည်ကို စိုးရိမ်

ရန်ကုန်၊ မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်မှာ လျှပ်စစ် ၁၂၃၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် LNG စီမံကိန်းတစ်ခု လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

LNG စီမံကိန်းအတွက် FSRU သင်္ဘောကြီးရပ်နားမယ့်နေရာဟာ ဒေသခံ တံငါသည်တွေ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ နေရာဖြစ်နေပါတယ်။

ဒါကြောင့် ဘ၀ါကမ်းခြေရွာနဲ့ ပသျှူးရေ ရွာက ဒေသခံ တံငါသည်တွေက သူတို့ရဲ့ အဓိက လုပ်ကိုင်နေတဲ့ ငါးဖမ်းလုပ်ငန်းကို ထိခိုက်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

 

ဖြိုးပြည့်ပြည့်ခင်

နေရာ(Nay Yar)စိုက်ငှားဝန်ဆောင်မှုလုပ်ငန်း၏ CEO ကိုအန်ဒရူးကျော်(Andrew Kyaw) နှင့် #BETVRecord

"၀န်ထမ်းက သူတိုက်ခန်းငှားဖို့ဆိုရင် (၆)လစာကို နေရာ(Nay Yar)ကနေပြီးတော့ ထုတ်ပေးလိုက်တယ်။ ပြီးတော့မှ သူက လစဉ် တိုက်ခန်းခရယ်၊ ၀န်ဆောင်ခရယ် လစဉ်ပြန်သွင်းဖို့ပဲ လိုတာဆိုတော့ (၆)လစာ ပေးစရာမလိုတော့ဘူးပေါ့" ဟု ကိုအန်ဒရူးကျော်က BETV Record အစီအစဉ်သို့ ပြောသည်။

ရိုးမအုပ်စုအနေနှင့် အစားအသောက်ကဏ္ဍကို ပိုမိုတိုးချဲ့သွားမှာဖြစ်ပြီး (၄)နှစ်အတွင်း ဆိုင်ပေါင်း ၁၂၅ ဆိုင် ဖွင့်လှစ်သွားမည်

"ရိုးမအုပ်စုရဲ့ ရည်မှန်းချက်မှာဆိုရင် မြန်မာနိုင်ငံကို ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်စေချင်တယ့ ကျွန်တော်တို့ရဲ့ နည်းဗျူဟာ တစ်ခုအနေနဲ့ အစားအသောက်ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့သွားချင်ပါတယ်။ အခု Auntie Anne’s ကို သယ်ဆောင်လာခဲ့ပြီ၊ ဒိမတိုင်ခင် KFC ကိုလည်း ခေါ်လာခဲ့ပြီ။ နောက်ပြီး တရုတ်နဲ့ မွန်ဂိုလီယားက Little Sheep ဆိုတဲ့ Hot Pot ဆိုင်တွေကိုလည်း ဖွင့်ဦးမှာ။ အခုဆို ကျွန်တော်တို့က ပြည်တွင်းမှာ သိပ်ကို ကျော်ကြားတဲ့ YKKO ကြေးအိုးမှာလည်း ပိုင်ဆိုင်မှုတစ်ချို့ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ကတော့ နောက်ထပ် တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိဘဏ္ဍာနှစ်အတွင်း FDI ကန်ဒေါ်လာ သန်း (၁၆၀၀) နီးပါး ၀င်ရောက်

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကနေပြီးတော့ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏက ဒါကနှစ်ခုပေါင်းကို ပြောတာပေါ့နော်။ SEZ လည်းပါတယ်။ MIC က ခွင့်ပြု/အတည်ပြု ပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ (၁၅၉၈ ဒသမ ၇၆၈) သန်း ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်က ပြောသည်။

အလှမယ်ထက်ထက်ထွန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တွေ့လာရမလား

ဒု-မြို့တော်ဝန်နေရာအထိ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ပြင်ဆင်နေတဲ့ 
မယ်စကြ၀ဠာအလှမယ်ဟောင်း ထက်ထက်ထွန်းနှင့် #BETVRecord
-------------------------------------------------------------------------------------------

"လောလောဆယ် ဖောင်တင်ထားတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒီအဆင့်ကနေမှ အသိအမှတ်ပြုခံရပြီဆိုရင် မဲဆန္ဒနယ် (၆) ခုကနေ မဲဆန္ဒနယ် (၃) ကော်မတီဝင်နေရာကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒိကော်မတီဝင် (၆) ဦးကနေ ဒုတိယမြို့တော်ဝန်အထိ ဆက်ပြီးတော့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်" ဟု ၂၀၁၆ ခုနှစ် မြန်မာမယ်စကြ၀ဠာထက်ထက်ထွန်းက #BETVRecord အစီအစဉ်သို့ ပြောကြားသည်။

ဗဟိုဘဏ်က နေ့စဉ်ရည်ညွန်းငွေလဲနှုန်း ထုတ်ပြန်သည့်အချိန် ပြောင်းလဲသတ်မှတ်ခြင်းအပေါ် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် #BETVRecord

“ ဒီစနစ်မှာ ဒီနေ့ အရောင်းအ၀ယ်ဖြစ်တဲ့ဈေးကို ဒီနေ့ ကြေညာပေးခြင်းဖြစ်တဲ့အတွက် ပိုပြီးတော့လည်း အချိန်မှန်နဲ့လည်း ပိုပြီးနီးစပ်သွားတယ်။ ဒီအရာသည် ဈေးကွက်က အရောင်းအ၀ယ်မှုကို အခြေခံပြီး ထုတ်ပြန်တဲ့ ဈေးနှုန်းပါ။ ဒါသည် Market Base Exchange Rate ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင်ကြည့်ရှုရန်)

Mg R’ Noe
#BETVRecord #Central_Bank_of_Myanmar #Market_Exchange_Rate

ပြသနာဇစ်မြစ်ကို နားလည်သဘောပေါက်ကာ ဖြေရှင်းနည်းက ပြည်နယ်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရမယ်

"ပထမဆုံး ပြသနာရှိတာကို မြင်ဖို့လိုတယ်။ ပြသနာရှိတယ်၊ ဒီပြသနာကို ဘယ်လိုဖြေ
ရှင်းမလဲ။ ဇစ်မြစ်က ဘာလဲ။ ရခိုင်က ဆင်းရဲတယ်၊အလုပ်မရှိဘူး။ လမ်းပန်းဆက်သွယ်မှု မရှိဘူး" 

#Record ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်
ကြီး ဦးသောင်းထွန်းက ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး သူရဲ့ ရှုမြင်ပုံကို ဒီရုပ်သံဖိုင်မှာ ပြောပြထားပါတယ်။

(အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)
#BETVRecord #Rakhine #Rakhine_Investment #MIFER

နှစ်ဆန်းပိုင်းမှ စတင်ကာ ရောင်းအားကျဆင်းလာသည့် သစ်သီးဈေးကွက် တရုတ်နှစ်ကူးအနီး ပြန်ကောင်းလာနိုင်ဟု မျှော်မှန်း

“ တရုတ်နှစ်ကူးဆိုတော့ ဈေးတွေက ဘယ်လောက်ဖြစ်ဖြစ် ၀ယ်မှာပေါ့။ အရောင်းအ၀ယ်တော့ ဖြစ်လိမ့်မယ်။ ဈေးတော့ အများကြီးတက်မှာ မဟုတ်ဘူး။ ၅၀၀၊ ၁၀၀၀ လောက်တော့ တက်လိမ့်မယ်” ဟု သီရိမင်္ဂလာဈေးရှိ ရာမညသစ်သီးပွဲရုံမှ ကိုအောင်အောင်က BETV သို့ ပြောသည်။

(အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

Mg R’ Noe
#BETVRecord #Fruits_and_Vegetables_Market #Thiri_Mingalar_Market_Yangon

Pages

GET UP TO DATE NEWS FOR FREE

Find out first about new and important news